အသိပေးအကြောင်းကြားခြင်း

ဒီဇင်ဘာလ ၁၄ရက်(တနင်္ဂနွေနေ့)တွင် အယ်နီဝမြို့သို့လာရောက်မည်ဖြစ်ပါသည်။
2025.12.14
လူမှုရေးဆိုင်ရာဆောင်ရွက်လှုပ်ရှားမှု

 

ဒီဇင်ဘာလ၊၁၄ရက်(တနင်္ဂနွေနေ့)တွင် အယ်နီဝမြို့၌နိုင်ငံခြားသားများအတွက်ယာယီလာရောက်ဆွေးနွေးပွဲ(ကျွမ်းကျင်သူနှင့်)ကိုကျင်းပပြုလုပ်ပါမည်။ အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

◇နိုင်ငံခြားသားများအတွက် ”ယာယီလာရောက်ဆွေးနွေးပွဲ in အယ်နီဝ”◇

နေ့ရက်အချိန်။ ၂၀၂၅ခုနစ် ဒီဇင်ဘာလ ၁၄ရက်(တနင်္ဂနွေနေ့) ၁၁နာရီ မှ ၁၅နာရီ ထိ
နေရာ။: Civic Activity Center (inside Eniasu) 2F, meeting room 8-3
市民活動センター(えにあす内)2階 8-3会議室
https://maps.app.goo.gl/Pg9b52jrFstNQV3k7

ကျွမ်းကျင်သူ။ ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများ
ဘာသာစကား။ ဂျပန်၊အင်္ဂလိပ် (အခြားဘာသာစကားများမှာ ဘာသာပြန်ကိရိယာသုံး၍ဆွေနွေးမည်။)
ကုန်ကျစရိတ်။ အခမဲ့
ကြိုတင်ရက်ချိန်းယူရန်လင့်ခ်။ https://forms.gle/vyRTRDsV6kePi81RA
*ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်းများနှင့်ဆွေးနွေးချင်ပါက၊ဒီဇင်ဘာလ ၁၀ရက်(ဗုဒ္ဓဟူးနေ့)ကိုနောက်ဆုံးထား၍ကြိုတင်ရက်ချိန်းယူပါ။

တိုင်ပင်ဆွေးနွေးနိုင်သောအကြောင်းအရာများ
၁)ကျွန်ုပ်တို့စင်တာမှဆွေးနွေးတိုင်ပင်ခံ။ ကျန်းမာရေးအာမခံ၊ပင်စင်၊ယာဥ်မောင်းလိုင်စင်၊အလုပ်သမားရေးရာပြဿနာများနှင့်ပတ်သက်၍ဆွေးနွေးနိုင်ပါ သည်။
၂)ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်း။ နေထိုင်ခွင့်အခြေအနေ(ဗီဇာ)၊ပြန်လည်ပြည်ဝင်ခွင့်၊အမြဲတမ်းနေထိုင်ခွင့်(အဲဂျူး/永住) လျှောက်ထားခြင်း
စသည်တို့နှင့်ပတ်သက်၍ဆွေးနွေးနိုင်ပါသည်။

ကြွရောက်ဆွေးနွေးခြင်းများကိုစောင့်မျှော်လျှက်ပါ။