ဟော့ကိုင်းဒိုးနိုင်ငံခြားသားဆွေးနွေးစင်တာသည်ဒီဇင်ဘာလ၂၀ရက်နေ့(စနေနေ့)တွင်ဟော့ကိုင်းဒိုးတွင်နေထိုင်သောနိုင်ငံခြားသားများအတွက်အားလပ်ရက်ဆွေးနွေးပွဲ+လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းဆွေးနွေးခြင်းကိုပြုလုပ်ပါမည်။ အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ဇွန်လ၂၉ရက်(တနင်္ဂနွေနေ့)တွင် အားလပ်ရက်ဆွေးနွေးပွဲ+လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းဆွေးနွေးခြင်း ကိုပြုလုပ်ပါမည်။
နေ့ရက်အချိန်။ ။ ဒီဇင်ဘာလ၂၀ရက်နေ့(စနေနေ့) ၉နာရီမှ ၁၂နာရီ ၊ ၁၃နာရီမှ ၁၇နာရီ
နေရာ။ ဟော့ကိုင်းဒိုးနိုင်ငံခြားသားဆွေးနွေးစင်တာ (北海道外国人相談センター)
ဆွေးနွေးပုံ။ မျက်နှာချင်းဆိုင်၊ဖုန်း၊အွန်လိုင်း။
ကုန်ကျစရိတ်။ အခမဲ့
ကြိုတင်ရက်ချိန်းယူရန်။ https://forms.gle/WUb1XDBgtxZ1u3h86
*ကြိုတင်ရက်ချိန်းယူရန်တိုက်တွန်းပါသည်။သို့သော်လည်းထိုသို့မပြုလုပ်ခဲ့ပါကလည်းလာရောက်ဆွေးနွေးနိုင်ပါသည်။
ဆွေးနွေးစင်တာမှဝန်ထမ်းများအပြင်၊ ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်းများနှင့်ဆွေးနွေးနိုင်ပါသည်။
၁)ဆွေးနွေးစင်တာမှဝန်ထမ်းများ ကျန်းမာရေးအာမခံ၊ပင်စင်၊ယာဥ်မောင်းလိုင်စင်၊အလုပ်ဆိုင်ရာပြဿနာများနှင့်ပတ်သက်သောမေးခွန်းများစသဖြင့် အမျိုးမျိုးသောအကြောင်းအရာများနှင့်ပတ်သက်၍ဆွေးနွေးနိုင်ပါသည်။
၂)ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်းများနေထိုင်ခွင့်အခြေအနေ(ဗီဇာ)၊ပြန်လည်ပြည်ဝင်ခွင့်၊အမြဲနေထိုင်ခွင့်လျှောက်ထားခြင်းစသောအကြောင်းအရာများကိုဆွေးနွေးနိုင်ပါသည်။
လာရောက်ဆွေးနွေးခြင်းများကိုစောင့်မျှော်လျှက်ပါ။