အသိပေးအကြောင်းကြားခြင်း

ဟို့ကိုင်းဒိုးအနည်းဆုံး လုပ်အားခအား တစ်နာရီ လုပ်အားခ ယန်း၁၁၃၁အထိ မြှင့်တင်မည်ဖြစ်သည်!
2026.10.01
ကြေငြာချက်၊

 

၂၀၂၆ ခုနှစ်အောက်တိုဘာလ၁ ရက်နေ့မှစ၍ ၊ဟို့ကိုင်းဒိုး အနည်းဆုံးလုပ်အားခအား တစ်နာရီ ၁၀၇၅ ယန်းမှ ၁၁၃၁ ယန်းသို့ ပြောင်းလဲသတ်မှတ်မည်ဖြစ်သည်။ဟို့ကိုင်းဒိုးအတွင်း အလုပ်လုပ်နေသော လုပ်သားများနှင့် ထိုလုပ်သားများကို အသုံးပြုသည့်အလုပ်ရှင်များအားလုံးအပေါ်တွက်သက်ရောက်မှူ့ရှိမည်ဖြစ်ပါသည်။

အနည်းဆုံးလုပ်အားခဆိုသည်မှာအလုပ်လုပ်သူအားလုံးအား၊လုပ်အားခငွေအနည်းဆုံးကိုအာမခံသောစနစ်ဖြစ်သည်။အသက်အရွယ်နှင့်အချိန်ပိုင်းစသည့်အလုပ်လုပ်နည်းအမျိုးအစားးနှင့်သက်ဆိုင်မှုမရှိ အကျုံးဝင်ပါ သည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် လုပ်အားခမြှင့်တင်ခြင်းကိုအားပေးသော ထောက်ပံ့ငွေရှိပါသည်။ ထောက်ပံ့ပေးရန်လိုအပ်ချက်များကိုစစ်ဆေး လေ့လာပြီး လျှောက်ထားကြပါရန်။

အသေးစိတ်ကို အလုပ်သမားဦးစီးရေးရာမှ ပြုလုပ်ထားသောဘာသာမျိုးစုံ လမ်းညွှန်ကို လေ့လာကြည့်ရှုပါ။