၁၁လပိုင်း၁၅ရက်နေ့(တနင်္ဂနွေနေ့)မှာ “နိူင်ငံခြားသားများအတွက်တိုင်ပင်ဆွေးနွေးပွဲ” ပြီးတော့ ”နေရာရွေ့လျားတိုင်ပင်ခြင်း(ပညါရှင်နှင့်တိုင်ပင်ဆွေးနွေးခြင်း” ကိုရှင်းဟိဒခမြို့မှ(shinn hidaka) မှာကျင်းပပါမည်။ အသေးစိတ်ကတော့ အောက်ပါအတိုင်းဖြစ်ပါသည်။
◇နိူင်ငံခြားသားများအတွက်တိုင်ပင်ဆွေးနွေးပွဲ◇
အကြောင်းအရာ။။ ဂျပန်ပင်စင်ဆိုင်ရာ အခြေခံဗဟုသုတ
ရက်စွဲနှင့်အချိန်။။ ၂၀၂၆ခုနစ်၁၁လပိုင်း၁၅ရက်နေ့(တနင်္ဂနွေနေ့)၁၁:၀၀~၁၂:၀၀
နေရာ။။ Coop Sapporo shizunai ten 2လွှာ အစည်းအဝေးခန်းမ
https://maps.app.goo.gl/4nN1QXjGNa7GbTL66
သင်တန်းဆရာ။ ။ ဂျပန်နိူင်ငံပင်စင်အဖွဲ့အစည်း
ဘာသာ။။ ဂျပန်စာ၊ဟိန္ဒိဘာသာစကား၊အင်္ဂလိပ်သာဘာစကား၊ထိုင်းဘာသာစကား၊အင်ဒိုနီးရှားဘာသာစကား၊ဖိလစ်ပိုင်ဘာသာစကား ပြင်ဆင်ထားလျှက်ရှိပါသည်။
ကုန်ကျစရိတ်။။ အခမဲ့
ကြိုတင်ရက်ချိန်းယူရန်။https://forms.gle/UQeUccCjv8u5ExcTA
အကြောင်းအရာ။ ။
・ပင်စင်ခွန်ဆိုတာ?ဂျပန်နိူင်ငံ၏အများပြည်သူဆိုင်ရာပင်စင်စနစ်
・ပင်စင်ခွန်အမျိုးအစားနှင့် ငွေးကြေးပမာဏ
・မိခင်နိူင်ငံသို့ပြန်သည့်အခါ ပင်စင်စနစ်မှ နှတ်ထွက်သည့်အခါတစ်ကြိမ်တည်းပေးသောငွေကို ပြန်လည်တောင်းခံခြင်း စသည့်ဖြင့်
◇နေရာရွေ့လျားတိုင်ပင်ဆေးနွေးခြင်း in ရှင်းဟိဒခမြို့ (Shinhidaka)◇
ရက်စွဲနှင့်အချိန်။ ။ ၂၀၂၆ခုနစ်၁၁လပိုင်း၁၅ရက်နေ့(တနင်္ဂနွေနေ့)၁၂:၀၀~၁၅:၀၀
နေရာ။ ။ Coop Sapporo shizunai ten 2လွှာ အစည်းအဝေးခန်းမ
https://maps.app.goo.gl/4nN1QXjGNa7GbTL66
ကျွမ်းကျင်သူ။ ။ ဂျပန်နိူင်ငံပင်စင်အဖွဲ့အစည်းမှ ဝန်ထမ်းများ၊ဆပ်ပိုလို လူဝင်မှူ့ကြီးကြပ်ရေးမှဝန်ထမ်းများ
ဘာသာ။ ။ ဂျပန်စာ၊အင်္ဂလိပ်ဘာသာစကား၊ဟိန္ဒိဘာသာစကား ၊ဗီယက်နမ် (တစ်ခြားဘာသာစကားများအတွက် ဘာသာပြန်စက်နဲ့ ဖြေဆိုပေးမည်)
ကုန်ကျစရိတ်။ အခမဲ့
ကြိုတင်ရက်ချိန်းယူရန်လင့်ခ်။ https://forms.gle/UQeUccCjv8u5ExcTA
*ဆပ်ပိုလို လူဝင်မှူ့ကြီးကြပ်ရေးငှါနမှဝန်းထမ်းများနှင့်ဆွေးနွေးလိုပါက၁၁လပိုင်း၁၁ရက်နေ့(ဗုဒ္ဓဟူးနေ့)မတိုင်မီအထိ ဘိုကင်ယူပါ။
တိုင်ပင်နိုင်သော အကြောင်းအရာများ
၁)ကျွန်ုပ်တို့စင်တာမှဆွေးနွေးတိုင်ပင်ခံ။ ကျန်းမာရေးအာမခံ၊ပင်စင်၊ယာဥ်မောင်းလိုင်စင်၊အလုပ်သမားရေးရာပြဿနာများနှင့်ပတ်သက်၍ဆွေးနွေးနိုင်ပါသည်။
၂)ဂျပန်ပင်စင်ခန့်ခွဲရေးမှ တာဝန်ခံ။ ပင်စင်အကြောင်းအရာဆိုင်ရာ ဘာမဆိုဆွေးနွေးတိုင်ပင်နိုင်ပါသည်။
၃)ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှတာဝန်ခံ။ နေထိုင်ခွင့်အခြေအနေ(ဗီဇာ)၊ပြန်လည်ပြည်ဝင်ခွင့်၊အမြဲတမ်းနေထိုင်ခွင့်(အဲဂျူး/永住) လျှောက်ထားခြင်း
စသည်တို့နှင့်ပတ်သက်၍ဆွေးနွေးနိုင်ပါသည်။
ကြွရောက်ဆွေးနွေးခြင်းများကိုစောင့်မျှော်လျှက်ပါ။