၀၂၀ခုနှစ်မှ ၂၀၂၄ခုနှစ်အတွင်း လူငယ်ပိုင်းများ၏ရေကူးမတော်တဆမှုများတိုးပွားလာခဲ့သည်။ရေကူးမတော်တဆမှုကိုကာကွယ်ရန်အန္တရာယ်များသောကမ်းခြေများ၌ရေကူးရေကစားခြင်းကိုရှောင်ရှားပါ။ဖွင့်လှစ်ထားသောကမ်းခြေများကိုသာအသုံးပြုကြပါ။ အန္တရာယ်ရှိသောနေရာကိုသိရှိနိုင်သော အမှတ် ၁ ဒေသဆိုင်ရာကမ်းခြေစောင့်တပ်ဌာနချုပ်မှ ပြုလုပ်ထားသော “ရေကူးအန္တရာယ်သတိပေးမြေပုံ”နှင့် ”ဘေးကင်းစွာပင်လယ်ကိုပျော်ရွှင်ကြည်နူးနိုင်ရန်”ဆိုသောစာအုပ်ကိုဘာသာစကားမျိုးစုံဖြင့်ပြန်ဆိုထားပါသည်။လေ့လာကြည့်ရှုကြပါ။
ထို့အပြင် ပင်လယ်ပြင်၌ဘေးကင်းစွာ ပျော်ရွှင်ကစားနိုင်ရန် ဘာသာစကားများစွာသို့ပြန်ဆိုထားသော“ဘေးကင်းစွာပင်လယ်ရေကစားခြင်း”ဆိုသောစာအုပ်ကိုလည်းလေ့လာဖတ်ရှု၍သမုဒ္ဒရာ၏သွင်ပြင်လက္ခဏာများနှင့်ရေကူးမတော်တဆမှုများကိုကာကွယ်ရန်အစီအမံများကိုသိရှိနားလည်ထားကြပါစို့။