ဂျပန်ပင်စင်စနစ်တွင် စာရင်းသွင်းထားသော နိုင်ငံခြားသားများ ဂျပန်မှထွက်ခွာသည့်အခါ တောင်းဆိုနိုင်သည့် "ပင်စင်ငွေယာယီထုတ်ယူခြင်း" နှင့်ပတ်သက်သည့် မကြာခဏမေးလေ့ရှိသောမေးခွန်းများပါရှိသော ကျွန်ုပ်တို့၏လက်ကမ်းစာစောင်ကိုနောက်ဆုံး သတင်းအချက်များဖြင့်ပြန်လည်လုပ်ထားပါသည်။ ၎င်းကိုကြည့်ရှုလေ့လာပါ။
မေးခွန်းများရှိပါက သင့်ဒေသခံပင်စင်ရုံးနှင့် တိုင်ပင်ပါ။ ပင်စင်ရုံးများသည် ဘာသာစကား ၁၀ မျိုးဖြင့် ဘာသာပြန်ဝန်ဆောင်မှုများနှင့် တိုင်ပင်ဆွေးနွေးမှုများကို ပေးဆောင်ပါသည်။