အသုံးပြုနိုင်သောသက်တမ်းကို ကတ်တွင်ရေးသားခြင်းမရှိသော်လည်း လက်ရှိအသုံးပြုနေသောကျန်းမာရေးအာမခံကတ်သည် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍အသုံးမပြုနိုင်တော့ပါ။၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ စ၍ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် ဆေးဆိုင်၏ ဧည့်ကြိုကောင်တာတွင် My Number ကျန်းမာရေးအာမခံကတ် သို့မဟုတ် အရည်အချင်းပြည့်မီမှု အတည်ပြုလက်မှတ်ကို ပြသရန် လိုအပ်ပါသည်။ စောစောစီးစီး ပြင်ဆင်ထားပါ။
My Number ကတ်အား ကျန်းမာရေးအာမခံအနေဖြင့် အသုံးပြုနည်းများနှင့်ပတ်သက်သောအကြောင်းအရာများကို ဂျပန်ဘာသာစကားအပြင်တခြားဘာသာစကားများဖြင့်လက်ကမ်းစာစောင်များပြုလုပ်ထားပါသဖြင့် ကိုးကားဖတ်ရှုနိုင်ပါသည်။
https://www.hiecc.or.jp/soudan/info/detail.html?pid=1808365343502