အသိပေးအကြောင်းကြားခြင်း

ဝက်ဝံညိုသတိပေးများ ထုတ်ပြန်ထားသည်။
2025.11.25
ကြေငြာချက်၊

 

ဟော့ကိုင်းဒိုးရှိ အောက်ပါမြို့များ၊ မြို့များနှင့် ကျေးရွာများအတွက် ဝက်ဝံညိုသတိပေးချက် ထုတ်ပြန်ထားသည်။ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

အရေးပေါ်သတိပေးဧရိယာနှင့် အချိန်ကာလ
- ဆာပိုရိုမြို့အနောက်ပိုင်းရပ်ကွက်(nishi ku) (ကာလ စက်တင်ဘာလ ၂၆ရက် နေ့မှ နိုဝင်ဘာလ ၂၅ ရက်နေ့ထိ)

ထုတ်ပြန်ထားသော ဧရိယာနှင့် အချိန်ကာလ
・上ノ国町ခမိနော့ခုနိမြို့တမြို့လုံး(ကာလ အောက်တိုဘာလ ၂၇ရက်နေ့မှ နိုဝင်ဘာလ ၂၆ ရက်နေ့ထိ)
・札幌市 ဆာပိုလိုမြို့၏ တစ်စိတ်တစ်ပိုင်း (ကာလ စက်တင်ဘာလ ၂၆ ရက်နေ့ မှ နိုဝင်ဘာလ ၂၅ ရက်နေ့ထိ)
・知内町ရှိရိဥချိမြို့ တမြို့လုံး (ကာလ စက်တင်ဘာလ ၁ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့)

ဝက်ဝံညိုသတိပေးချက်ထုတ်ပြန်ခြင်းအတွက် သတ်မှတ်ချက်များကို ဟော့ကိုင်းဒိုးမှပြုလုပ်ထားသော 「ထုတ်ပြန်ခြင်းသတ်မှတ်ချက်များ」 တွင်အသေးစိတ် လေ့လာနိုင်ပါသည်။

ဝက်ဝံညိုနှင့်ပတ်သက်၍သိထားသင့်သည်များကိုဟော့ကိုင်းဒိုး၏ "ဝက်ဝံညိုများနှင့်ဆက်ဆံနည်း(စာရွက်စာတန်း)"ကိုဘာသာစကားမျိုးစုံဖြင့်ဖတ်ရှုနိုင်ပါသည်။ကျေးဇူးပြု၍ဖတ်ရှုလေ့လာကြစေလိုပါသည်။
https://www.hiecc.or.jp/soudan/info/detail.html?pid=6901022238690&cate=1