၁၁လပိုင်း ၁၄ရက်နေ့(စနေနေ့)မှာ “နိူင်ငံခြားသားများအတွက် ဆွေးနွေးပွဲ” ပြီးတော့နေရာရွေ့ပြောင်းပြုလုပ်သောတိုင်ပင်ဆွေးနွေးပွဲ ”ကျွမ်းကျင်ပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးခြင်း” ကိုအူလခဝ(Urakawa) မှာကျင်းပပါမည်။ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
◇နိူင်ငံခြားသားများအတွက်ဆွေးနွေးပွဲ◇
အကြောင်းအရာ။ ဆောင်းရာသီတွင်ဘေးကင်းလုံခြုံစွာ ယာဥ်မောင်နှင်ခြင်းနှင့်ပတ်သက်၍
နေ့ရက်။ ၂၀၂၆ ခုနှစ်၁၁လပိုင်း၁၄ရက်နေ့(စနေနေ့)၁၃:၀၀~၁၄:၀၀
နေရာ။ အူလခဝမြို့ (Urakawa) ဖူလဲအအိခန်းမ (ふれあい会館)
https://maps.app.goo.gl/269gCm6AJgFHuLiL7
ဘာသာစကား။ ဂျပန်စကား၊ဟိန္ဒိဘာသာစကား
ကုန်ကျစရိတ်။ ပေးသွင်းရန်မလို(free)
ကြိုတင်ရက်ချိန်းယူရန်လင့်ခ်။ https://forms.gle/UQeUccCjv8u5ExcTA
◇နေရာရွေ့ပြောင်းပြုလုပ်သောတိုင်ပင်ဆွေးနွေပွဲအူလခဝမြို့ (Urakawa)◇
နေ့ရက်။ ၂၀၂၆ ခုနှစ်၁၁လပိုင်း၁၄ရက်နေ့(စနေနေ့)၁၄:၀၀~၁၇:၀၀
နေရာ။ အူလခဝမြို့ (Urakawa) ဖူလဲအအိခန်းမ (ふれあい会館)
https://maps.app.goo.gl/269gCm6AJgFHuLiL7
ကျွမ်းကျင်ပညာရှင်။ ဆပ်ပိုရိုလူဝင်မှူ့ကြီးကြပ်ရေးငှါနမှတာဝန်ခံ
ဘာသာစကား။ ဂျပန်စာ၊အင်္ဂလိပ်ဘာသာစကား၊ဟိန္ဒိဘာသာစကား၊ဗီယက်နမ် (ဘာသာစကားတစ်ခြားဘာသာစကားများအတွက် ဘာသာပြန်စက်ကိုသုံးပြီးပြန်လည်ဖြေဆိုပေးသွားမှာ ဖြစ်ပါသည်)
ကုန်ကျစားရိတ်။ ပေးသွင်းရန်မလို(free)
ကြိုတင်ရက်ချိန်းယူရန်လင့်ခ်။ https://forms.gle/UQeUccCjv8u5ExcTA
*ဆပ်ပိုလိုလူဝင်မှူ့ကြီးကြပ်ရေးငှါနမှတာဝန်ခံနှင့်တိုင်ပင်ဆွေးနွေးလိုပါက နေထိုင်ခွင့်အမျိုးအစား(ဗီဇာ)၊ဂျပန်နိူင်ငံသို့ပြန်လည်ဝင်ရောက်ခွင့်၊အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီးလည်းတိုင်ပင်ဆွေးနွေးနိူင်ပါသည်။ ၁၁လပိုင်း၁၁ရက်နေ့ (ဗုဒ္ဓဟူးနေ့)မတိုင်မီအထိဆက်သွယ်ဘိုကင်ယူပေးပါ။
တိုငပင်နိူင်သောအကြောင်းအရာ။
၁)ကျွန်ုပ်တို့စင်တာမှတိုင်ပင်ဆွေးနွေးရေးတာဝန်ခံ။ကျန်းမာရေးအာမခံ၊ပင်စင်ခွန်၊ယာဥ်မောင်းလိုင်စင်ကိစ္စ၊အလုပ်သမားရေးရာပြသနာစသည်ဖြင့်၊အမျိုးမျိုးသောကိစ္စရပ်များကိုတိုင်ပင်ဆွေးနွေးနိူင်ပါသည်။
၂)ဆပ်ပိုလိုလူဝင်မှူ့ကြီးကြပ်ရေးငှါနတာဝန်ခံ။ (ဗီဇာ)၊ဂျပန်နိူင်ငံသို့ပြန်လည်ဝင်ရောက်ခွင့်၊အမြဲတမ်းနေထိုင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်ပြီးလည်းတိုင်ပင်ဆွေးနွေးနိူင်ပါသည်။
ကြွရောက်ဆွေးနွေးခြင်းများကိုစောင့်မျှော်လျှက်ပါ။