နှစ်ကုန်အခွန်ညှိနှိုင်းခြင်းဆိုသည်မှာ တစ်နှစ်ပတ်လုံး၏အလုံးစုံသော ဝင်ငွေကို သေချာသိနိုင်မည့်နှစ်ကုန်တွင် ထိုနှစ် သင်ဆောင်ရမည့်အခွန်ကိုမှန်ကန်တိကျစွာ တွက်ချက်၍ သင်ပေးဆောင်ထားသော အခွန်ပမာဏာနှင့် ပိုခြင်းလိုခြင်းကိုရှာဖွေကာ ထိုကွာခြားသော ပမာဏာကို ထပ်မံကောက်ခံခြင်းသို့မဟုတ် ပြန်လည်ပေးခြင်းအတွက် လုပ်ဆောင်ရခြင်းဖြစ်သည်။သင့်အလုပ်၌ နှစ်ကုန်ညှိနှိုင်းခြင်းဖြင့်အခွန်ပမာဏာတွက်ချက်မှုလုပ်ဆောင်ပြီးပါက ကိုယ်တိုင်လျှောက်ထားလုပ်ဆောင်ရန်မလိုပါ။နှစ်ကုန်အခွန်ညှိနှိုင်းခြင်းသည် အလွန်အရေးကြီးသောလုပ်ထုံးလုပ်နည်းဖြစ်သည်ဟုသတ်မှတ်နိုင်ပါသည်။
နှစ်ကုန်အခွန်ညှိနှိုင်းမှုနှင့်ပတ်သက်၍ အမျိုးသားအခွန်ဌာနမှ အချက်အလက်များကိုအခြေခံ၍ ဘာသာစကားမျိုးစုံဖြင့်လက်ကမ်းစာစောင်များပြုလုပ်ထားသောကြောင့် ကိုးကားကြည့်ရှုနိုင်ပါသည်။