မော်တော်ကားခွန်နှင့်ပေါ့ပါးသောယာဉ်ခွန်ပေးဆောင်ရမည့်သက်တမ်းကာလသည်နေထိုင်ရာဒေသပေါ်မူတည်၍ကွာခြားမှုရှိနိုင်သော်လည်းမူလအားဖြင့်နှစ်စဉ်မေလ၃၁ရက်ဖြစ်သည်။သို့သော်လည်းယခုနှစ်၏မေလ၃၁ရက်နေ့သည်စနေနေ့ဖြစ်ပါသောကြောင့်နောက်ဆုံးထားပြီးပေးဆောင်ရပါမည့်ရက်သည်ဇွန်လ၂ရက်(တနင်္လာနေ့)ဖြစ်သည်။ ဧပြီလ (၁) ရက်နေ့မှစတင်၍ ကားပိုင်ဆိုင်သူများသည်အခွန်ပေးဆောင်ရမည်ဖြစ်သည်။
မော်တော်ကားအခွန်နှင့်အပေါ့စားယာဉ်ခွန်ဆိုင်ရာအချက်အလက်အသေးစိတ်ကိုဟော့ကိုင်းဒိုး နှင့်ဆာပိုရိုမြို့၏HP(အင်တာနက်စာမျက်နှာ)ကိုအခြေခံ၍ပြုလုပ်ထားသောစာရွက်စာတမ်းများမှကြည့်ရှုလေ့လာပါ။