အောက်တိုဘာလ၊၁၈ရက်(စနေနေ့)တွင် နကရှိဘဲ့ကျွတ်မြို့၌နိုင်ငံခြားသားများအတွက်ယာယီလာရောက်ဆွေးနွေးပွဲ(ကျွမ်းကျင်သူနှင့်)ကိုကျင်းပပြုလုပ်ပါမည်။အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
◇နိုင်ငံခြားသားများအတွက် ”ယာယီလာရောက်ဆွေးနွေးပွဲ in နကရှိဘဲ့ကျွတ်”◇
နေ့ရက်အချိန်။၂၀၂၅ခုနစ် အောက်တိုဘာလ ၁၈ရက်(စနေနေ့) ၁၂နာရီ မှ ၁၆နာရီ ထိ
နေရာ။ နကရှိဘဲ့ကျွတ်မြို့ တော်ခန်းမ အစည်းအဝေးခန်း။中標津町役場 会議室
https://maps.app.goo.gl/6LPk36oyCBJ7Lau59
ကျွမ်းကျင်သူ။ ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများ
ဘာသာစကား။ ဂျပန်၊အင်္ဂလိပ်၊ဗီယက်နမ် (အခြားဘာသာစကားများမှာ ဘာသာပြန်ကိရိယာသုံး၍ဆွေနွေးမည်။)
ကုန်ကျစရိတ်။ အခမဲ့
ကြိုတင်ရက်ချိန်းယူရန်လင့်ခ်။ https://forms.gle/vyRTRDsV6kePi81RA
*ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်းများနှင့်ဆွေးနွေးချင်ပါက အောက်တိုဘာလ ၁၅ရက်(ဗုဒ္ဓဟူးနေ့)ကိုနောက်ဆုံးထား၍ကြိုတင်ရက်ချိန်းယူပါ။
တိုင်ပင်ဆွေးနွေးနိုင်သောအကြောင်းအရာများ
၁) ကျွန်ုပ်တို့စင်တာမှဆွေးနွေးတိုင်ပင်ခံ။ ကျန်းမာရေးအာမခံ၊ပင်စင်၊ယာဥ်မောင်းလိုင်စင်၊အလုပ်သမားရေးရာပြဿနာများနှင့်ပတ်သက်၍ဆွေးနွေးနိုင်ပါသည်။
၂) ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်း။ နေထိုင်ခွင့်အခြေအနေ(ဗီဇာ)၊ပြန်လည်ပြည်ဝင်ခွင့်၊အမြဲတမ်းနေထိုင်ခွင့်(အဲဂျူး/永住)လျှောက်ထားခြင်းစသည်တို့နှင့်ပတ်သက်၍ဆွေးနွေးနိုင်ပါသည်။
ကြွရောက်ဆွေးနွေးခြင်းများကိုစောင့်မျှော်လျှက်ပါ။