အသိပေးအကြောင်းကြားခြင်း

  • HOME
  • အသိပေးအကြောင်းကြားခြင်း
  • နေထိုင်ခွင့်“နည်းပညာ၊လူ့ဗဟုသုတနှင့်အပြည်ပြည်ဆိုင်ရာလုပ်ဆောင်မှုများ” ကိုလျှောက်ထားခြင်း၌ပူးတွဲစာရွက်စာတမ်းထပ်မံတောင်းဆိုခြင်းနှင့်ပတ်သက်၍(အဖွဲ့အစည်းသည် အမျိုးအစား ၃ သို့မဟုတ် ၄)
နေထိုင်ခွင့်“နည်းပညာ၊လူ့ဗဟုသုတနှင့်အပြည်ပြည်ဆိုင်ရာလုပ်ဆောင်မှုများ” ကိုလျှောက်ထားခြင်း၌ပူးတွဲစာရွက်စာတမ်းထပ်မံတောင်းဆိုခြင်းနှင့်ပတ်သက်၍(အဖွဲ့အစည်းသည် အမျိုးအစား ၃ သို့မဟုတ် ၄)
2026.04.13
ကြေငြာချက်၊

 

၂၀၂၆ခုနှစ်၄လပိုင်း၁၅ရက်နောက်ပိုင်း“နည်းပညာ၊လူ့ဗဟုသုတနှင့်အပြည်ပြည်ဆိုင်ရာလုပ်ဆောင်မှုများ” ဖြင့်နေထိုင်ဖို့လျှောက်ထားခြင်းမှစတင်၍သင့်အဖွဲ့အစည်းသည် အမျိုးအစား ၃ သို့မဟုတ် ၄ တွင်ပါဝင်ပါက၊ဘာသာစကားအရည်အချင်းကိုသက်သေပြနိုင်သောစာရွက်စာမ်းများကဲ့သို့ထပ်မံတင်ပြရမည့်ပူးတွဲစာရွက်စာတမ်းများလိုအပ်ပါမည်။လူဝင်မှုကြီးကြပ်ရေးဌာန၏ ဝက်ဘ်ဆိုက်ကိုအခြေခံ၍ထပ်မံတင်ပြရမည့်စာရွက်စာတမ်းအကြောင်းအသေးစိတ်ကိုစုဆောင်းထားသည့်လက်ကမ်းစာစောင်ကို၊ဘာသာစကားများစွာဖြင့်ပြုလုပ်ထားပါသည်။ကြည့်ရှုလေ့လာကြည့်နိုင်ပါသည်။
https://www.hiecc.or.jp/soudan/upload/file/newinfo/file1_mm_1776407112.pdf 

“နည်းပညာ၊လူ့ဗဟုသုတနှင့်အပြည်ပြည်ဆိုင်ရာလုပ်ဆောင်မှုများ” ဖြင့်နေထိုင်ဖို့လျှောက်ထားခြင်းနှင့်ပတ်သက်သောမေးခွန်းများရှိပါကကျွန်ုပ်တို့စင်တာတွင် လစဥ်ပြုလုပ်သော “အားလပ်ရပ်ဆွေးနွေးပွဲ+လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းဆွေးနွေးခြင်း”သို့မဟုတ် အစိုးရရုံးလုပ်ငန်းဆိုင်ရာကိုယ်စားလှယ်နှင့်အခမဲ့ဆွေးနွေးပွဲတွင်ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်းသို့မဟုတ်အစိုးရရုံး လုပ်ငန်းဆိုင်ရာကိုယ်စားလှယ်နှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ပွဲကျင်းပသည့်သတင်းအချက်များကိုကျွန်ုပ်တို့စင်တာ၏ ဝက်ဘ်ဆိုက်တွင်ကြည့်ရှုနိုင်ပါသည်။
https://www.hiecc.or.jp/soudan/mm/info/index.html?cate=3