အသိပေးအကြောင်းကြားခြင်း

မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု၍လှုပ်ခဲ့သော ငလျင်အကြောင်း
2025.04.08
ကြေငြာချက်၊

ဟော့ကိုင်းဒိုးအုပ်ချုပ်ရေးမှူး ဆူဇူကီ နာအိုမီချီ

အဆိုပါငလျင်ကြောင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။   
သေဆုံးသူအရေအတွက်မှာ ၃၀၀၀ ကျော်ရှိသည်ဟု သတင်းများ၌ဖော်ပြထား၍ သိရပါသည်။
ကွယ်လွန်သွားသူများအား အလေးအနက်ထား၍ ဝမ်းနည်းကြောင်း ပြောကြားလိုပါသည်။ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် အလေးအနက် ဝမ်းနည်းကြောင်း ဖော်ပြလိုပါသည်။

ဟော့ကိုင်းဒိုးမှာ မြန်မာနိုင်ငံသား ၅၀၀၀ ဝန်းကျင်နှင့်၊ထိုင်းနိုင်ငံသား ၁၅၀၀ ဝန်းကျင်ခန့် နေထိုင်လျှက်ရှိပြီး၊ ဟော့ကိုင်းဒိုးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် အဖိုးတန်သောတည်ရှိမှုတစ်ခုဖြစ်ပါသည်။

ယခုတစ်ကြိမ်မှာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ကြီးမားသောငလျင် လှုပ်ခတ်မှုမျိုး ကြုံလာရသည့်အတွက် အမျိုးမျိုးသောစိုးရိမ်ပူပန်မှုများ ရှိနေကြမယ်လို့ထင်ပါသည်။လူတိုင်းနေ့စဉ်ဘဝသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေနိုင်ဖို့အတွက်၊ ဟော့ကိုင်းဒိုးသည်လည်း ပံ့ပိုးကူညီလိုပါသည်။