ဟို့ကိုင်းဒိုးနိုင်ငံခြားသားဆွေးနွေးစင်တာသည်ဧပြီလ နို နိုဝင်ဘာလ ၂၈ ရက် (စနေနေ့) တွင်ဟို့ကိုင်းဒိုးတွင်နေထိုင်သောနိုင်ငံခြားသားများအတွက်အားလပ်ရက်ဆွေးနွေးပွဲ+လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းဆွေးနွေးခြင်းကိုပြုလုပ်ပါမည်။ အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်သည်။
အားလပ်ရက်ဆွေးနွေးပွဲ+လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းဆွေးနွေးခြင်း
နေ့ရက်အချိန်။ ။ နိုဝင်ဘာလ ၂၈ ရက် (စနေနေ့) ၉နာရီမှ ၁၂နာရီ ၊ နေ့လယ် ၁နာရီမှ ညနေ ၅နာရီ
နေရာ။ ဟော့ကိုင်းဒိုးနိုင်ငံခြားသားဆွေးနွေးစင်တာ (北海道外国人相談センター)
ဆွေးနွေးပုံ။ မျက်နှာချင်းဆိုင်၊ဖုန်း၊အွန်လိုင်း။
ကုန်ကျစရိတ်။ အခမဲ့
ကြိုတင်ရက်ချိန်းယူရန်။ https://forms.gle/BvuvMvrvFdAs8qcVA
*ဆာပိုရို လူဝင်မှုကြီးကြပ်ရေးဗျူရိုနှင့် တိုင်ပင်ဆွေးနွေးလိုပါက ဇူလိုင်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ ကြိုတင်စာရင်းသွင်းပေးပါ။ ကြိုတင်စာရင်းသွင်းခြင်းမရှိဘဲ တိုင်ပင်ဆွေးနွေးမှုများကို လက်ခံသော်လည်း ကြိုတင်စာရင်းသွင်းထားသူများကို ဦးစားပေးပါမည်။
ဆွေးနွေးစင်တာမှဝန်ထမ်းများအပြင်၊ ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်းများနှင့်ဆွေးနွေးနိုင်ပါသည်။
၁)ဆွေးနွေးစင်တာမှဝန်ထမ်းများ ကျန်းမာရေးအာမခံ၊ပင်စင်၊ယာဥ်မောင်းလိုင်စင်၊အလုပ်ဆိုင်ရာပြဿနာများနှင့်ပတ်သက်သောမေးခွန်းများစသဖြင့် အမျိုးမျိုးသောအကြောင်းအရာများနှင့်ပတ်သက်၍ဆွေးနွေးနိုင်ပါသည်။
၂)ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်းများနေထိုင်ခွင့်အခြေအနေ(ဗီဇာ)၊ပြန်လည်ပြည်ဝင်ခွင့်၊အမြဲနေထိုင်ခွင့်လျှောက်ထားခြင်းစသောအကြောင်းအရာများကိုဆွေးနွေးနိုင်ပါသည်။
လာရောက်ဆွေးနွေးခြင်းများကိုစောင့်မျှော်လျှက်ပါ။