အသိပေးအကြောင်းကြားခြင်း

အောက်တိုဘာလ ၁၉ရက်(တနင်္ဂနွေနေ့)တွင် နယ်မူရိုမြို့သို့လာရောက်ပါမည်။
2025.10.19
လူမှုရေးဆိုင်ရာဆောင်ရွက်လှုပ်ရှားမှု

 

အောက်တိုဘာလ၁၉ရက်(တနင်္ဂနွေနေ့)တွင်နယ်မူရိုမြို့၌နိုင်ငံခြားသားများအတွက်ယာယီလာရောက်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပါမည်။အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

◇နိုင်ငံခြားသားများအတွက် ”ယာယီလာရောက်ဆွေးနွေးပွဲ in နယ်မူရို”◇

နေ့ရက်အချိန်။ ၂၀၂၅ခုနစ် အောက်တိုဘာလ ၁၉ရက်(တနင်္ဂနွေနေ့) ၁၀နာရီ မှ ၁၃နာရီခွဲ ထိ
နေရာ။ နယ်မူရို အထွေထွေ ယဥ်ကျေးမှုစင်တာ根室市 総合文化会館
https://maps.app.goo.gl/99TFcre1T5sEC8rE8

ကျွမ်းကျင်သူ။ ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများ
ဘာသာစကား။ ဂျပန်၊အင်္ဂလိပ်၊ဗီယက်နမ်(အခြားဘာသာစကားများမှာဘာသာပြန်ကိရိယာသုံး၍ဆွေနွေးမည်။)
ကုန်ကျစရိတ်။ အခမဲ့
ကြိုတင်ရက်ချိန်းယူရန်လင့်ခ်။https://forms.gle/vyRTRDsV6kePi81RA
*ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်းများနှင့်ဆွေးနွေးချင်ပါက အောက်တိုဘာလ ၁၅ရက်(ဗုဒ္ဓဟူးနေ့)ကိုနောက်ဆုံးထား၍ကြိုတင်ရက်ချိန်းယူပါ။

တိုင်ပင်ဆွေးနွေးနိုင်သောအကြောင်းအရာများ
၁)ကျွန်ုပ်တို့စင်တာမှဆွေးနွေးတိုင်ပင်ခံ။ ကျန်းမာရေးအာမခံ၊ပင်စင်၊ယာဥ်မောင်းလိုင်စင်၊အလုပ်သမားရေးရာပြဿနာများနှင့်ပတ်သက်၍ဆွေးနွေးနိုင်ပါသည်။
၂) ဆာပိုရိုလူဝင်မှုကြီးကြပ်ရေးဌာနမှဝန်ထမ်း။ နေထိုင်ခွင့်အခြေအနေ(ဗီဇာ)၊ပြန်လည်ပြည်ဝင်ခွင့်၊အမြဲတမ်းနေထိုင်ခွင့်(အဲဂျူး/永住)လျှောက်ထားခြင်းစသည်တို့နှင့်ပတ်သက်၍ဆွေးနွေးနိုင်ပါသည်။

ကြွရောက်ဆွေးနွေးခြင်းများကိုစောင့်မျှော်လျှက်ပါ။