အသိပေးအကြောင်းကြားခြင်း

၂၀၂၅ခုနှစ် လူဦး‌ရေစစ်တမ်းကောက်ယူခြင်းနှင့်ပတ်သက်၍
2025.10.02
ကြေငြာချက်၊
ငါးနှစ်တစ်ကြိမ် ကောက်ယူသည့် လူဦးရေစစ်တမ်းကို ၂၀၂၅ခုနှစ် စက်တင်ဘာ ၂၀ ရက် စနေနေ့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၈ ရက် ဗုဒ္ဓဟူးနေ့အထိ ကောက်ယူမည်ဖြစ်သည်။ အဆိုပါစစ်တမ်းသည် နိုင်ငံသားသို့မဟုတ်အသက်အရွယ် မခွဲခြားဘဲဂျပန်နိုင်ငံတွင်နေထိုင်သူနှင့် အိမ်ထောင်စုအားလုံး အကျုံးဝင်သည်။ ဖြေဆိုခြင်းသည် ဥပဒေဖြင့် တာဝန်သတ်မှတ်ထားသောကြောင့် ကျေးဇူးပြု၍ ဖြေဆိုဖြည့်စွက်ပါ။

*ကာလတိုနေထိုင်ခြင်းသို့မဟုတ် ၃လနှင့်ထိုထက်နည်းသော နေထိုင်ခွင့်ဗီဇာရှိသော နိုင်ငံခြားသားများသည် သတ်မှတ်ထားသူများမဟုတ်သောကြောင့် ဤစစ်တမ်းကို ဖြေရန်မလိုအပ်ပါ။

အင်တာနက်အသုံးပြုပါက ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ပေါ်တူဂီနှင့် စပိန်ဘာသာစကားများဖြင့်ဖြေဆိုဖြည့်စွက်နိုင်ပါသည်။အခြားဘာသာစကားများမှာ ဝဘ်ဆိုက်မှဝင်ရောက်ကြည့်ရှုနိုင်သည့် စစ်တမ်းမေးခွန်းလွှာ(စာရွက်)ဖြည့်ခြင်းအတွက် ဘာသာပြန်ဗားရှင်းနှင့် လမ်းညွှန်ချက်များကို စစ်ဆေးပါ။。

ပိုမိုသိရှိလိုပါက၊ လူဦးရေစစ်တမ်း ၂၀၂၅ ၏ အခြားဘာသာစကားများ ဝဘ်ဆိုဒ်စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ။
https://www.kokusei2025.go.jp/language/
  •  

  •  

     

  •